What
  • All Listings
  • Art
  • Collectives and Cooperatives
  • Communities
  • Eats
  • Entertainment
  • Events
  • People
  • Points of Interests
Where

Free Mobile Shop – Yangon

 

Be the first to review

ရွ့လျား အခမဲ့ဈေးဆိုင်

အိမ်တိုင်း အိမ်တိုင်း၊ မိသားစုတိုင်း မိသားစုတိုင်းမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေအနည်းနဲ့အများ ရှိနေကြပါတယ်။ အဲ့ဒီအသုံးမလိုတော့တဲ့ ပစ္စည်းတွေက တချို့မိသားစုတွေအတွက် အသုံးဝင်နေနိုင်ပါတယ်။ လူတချို့မလိုအပ်တော့တဲ့ ပစ္စည်းတွေ လိုအပ်တဲ့ လူတချို့ဆီရောက်ရှိစေဖို့အတွက် Free Mobile Shop (ရွေ့လျား အခမဲ့ဈေးဆိုင်) မှာ မည်သည့်ပစ္စည်းမဆို ငွေကြေးတစုံတရာ မပါဝင်ပဲ ၀ယ်ယူရောင်းချနိုင်ပါပြီ။

ကမ္ဘာကြီးမှာ နေ့စဉ်နှင့်အမျှ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာသလောက် လူတွေရဲ့ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားမှုတွေကတော့ တဖြည်းဖြည်း လျော့နည်းလာကြပါတယ်။ ဒီအတွက် ရုပ်ဝတ္ထုပစ္စည်းတွေကို လိုအပ်သလောက်သာ အသုံးပြုကြပြီး မလိုအပ်တဲ့အရာတွေကို လိုအပ်သူတွေနဲ့ မျှဝေခံစားကြဖို့ လှုံ့ဆော်ချင်ပါတယ်။ လူလူချင်း စာနာမှု၊ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားမှုတွေကို ငွေကြေးအခြေမခံပဲ ကျယ်ပြန့်လာစေဖို့ ယခုလို လှုပ်ရှားခြင်းဖြစ်ပါတယ်။ Free mobile shop မှာ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အခမဲ့ဝယ်ယူနိုင်သလို၊ မလိုအပ်တဲ့ ပစ္စည်းများကိုလည်း အခမဲ့ရောင်းချနိုင်ပါတယ်။ ပစ္စည်းများ မရောင်းနိုင်လဲ ၀ယ်ယူနိုင်ပါတယ်။

ဝယ်ယူသူများအနေဖြင့် မိမိတို့အတွက် အမှန်တကယ် လိုအပ်သော ပစ္စည်းများကိုသာ ၀ယ်ယူကြခြင်းဖြင့် ကူညီကြပါ။ အကယ်၍ ၀ယ်ယူသူများအနေဖြင့် တကယ်မလိုအပ်သော ပစ္စည်းများကို လောဘစိတ်တစ်ခုတည်းဖြင့် ၀ယ်ယူပါက တကယ်လိုအပ်သောသူများအား နစ်နာစေနိုင်ပါတယ်။ ဒါ့ပြင် ပစ္စည်းများအား တဆင့်ခံ ငွေကြေးတစုံတရာဖြင့် ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံပါတယ်။ Free mobile shop (ရွေ့လျား အခမဲ့ဈေးဆိုင်) အား ရေရှည်တိုးတက်စေလိုသော ဆန္ဒဖြင့် မိမိတို့အတွက် အမှန်တကယ်လိုအပ်သော ပစ္စည်းများကိုသာ ၀ယ်ယူခြင်း၊ တဆင့်ခံပြန်လည် မရောင်းချခြင်းဖြင့် ကူညီကြပါရန် အနူးအညွတ်တောင်းဆိုအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Free Mobile Shop

In every house, in every family, there will be some things which are not needed anymore. Maybe those unneeded things are useful for some other people and families. Our free mobile shop is founded to present unneeded things from some people to the people who really need them. At our free mobile shop, you can sell or buy anything without money.

Our world has been consumed by materialism and because of that our compassion and sharing spirit are getting less and less. We agitate not to sink into material wealth, but to share the things we don’t need with the other people. So, this is the movement to expand our compassion and sharing spirit, not based on money.

That’s why you can buy what you need and sell what you don’t need, for free. You can buy even if you’re not selling anything. To the people who want to buy from our shop, we request to help us by buying things you really need. If you’re taking the things you don’t actually need, what a big loss for the other people who really need. And also we request not to sell anything back to others for money. If you want to support us, our spirit and passion for long terms, please don’t buy things you don’t need or don’t sell it back.

Thanks